Sunday, October 30, 2011

The Mouth of Truth

La Bocca della Verità (the Mouth of Truth)

တစ်စုံတစ်ယောက်က အဲ့ဒီပါးစပ်ထဲလက်ထည့်ပြီး မမှန်မကန်လိမ်လည်စကားပြောဆိုတဲ့အခါ အဲ့ဒီပါးစပ်ကလက်ကိုကိုက်ဖြတ်လိုက်တယ် ဆိုပြီးခေတ်လယ်လောက်ကတည်းကစတင်ယုံကြည်ခဲ့ကြတဲ့ 'the mouth of truth'

ဒီပုံကဘုရားကျောင်းထဲမှာတွေ့လို့ရိုက်ခဲ့တာပါ..






Santa Maria in Cosmedin

ဒီဘုရားကျောင်းက ၆ရာစုနှစ်ကစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး
bell tower နဲ့ portico က ၁၂ရာစုနှစ်ကမှထပ်မံဖြည့်စွက်ထားတာဖြစ်ပါတယ်။ ၁၉ ရာစုနှစ်အရောက်မှာတော့ (၁၇-၁၈ရာစုနှစ်တုန်းက ခေတ်စားခဲ့တဲ့ )ခမ်းနားသောဘုရားကျောင်းရှေ့မျက်နှာစာကို သာမန်ရိုးစင်းတဲ့ပုံစံနဲ့ပြန်လည်မွမ်းမံခဲ့ပါတယ်။
အဲ့ဒီအချိန်မှ the mouth of truth ဆိုတဲ့ကျောက်ဖြူနဲ့ထုထွင်းထားတဲ့မျက်နှာကို ဆင်ဝင်အောက်နံရံမှာထားရှိခဲ့တာဖြစ်ပါတယ်။






The Temple of Hercules Victor

အပေါ်ကပုံနဲ့ အောက်ကပုံ Temple နှစ်ခုက BC ၂ရာစုကတည်းကတည်ရှိခဲ့တာဖြစ်ပါတယ်။

The Temple of Portunus



The 4th-century Arch of Janus
A four-faced marble-plated arch at the edge of the Forum Boarium market, was an ideal place for merchants and customers to do business in the shade.

Casa dei Crescenzi (House of Crescenzi)

ယခုအခေါ်အဝေါ် Casa di Cola di Rieno (House of Cola di Rieno)ဒီအဆောက်အဦးကိုတော့ Crescenzi မိသားစုက ၁၀၄၀ နှင့် ၁၀၆၅ ခုနှစ် (10 century) အတွင်းမှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒီအဆောက်အဦးမှာဆောက်လုပ်ထားတဲ့ပစ္စည်းတွေက ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတွေ ကျောက်ရုပ်တွေဆီကဖြစ်ပါတယ်။ ဒီအိမ်ထဲမှာ ခရယ်ရှန့်ဇီ မိသားစုက ၁၄ရာစုနှစ်အထိနေထိုင်ခဲ့ပါတယ်။

ဘေးတိုက်မြင်ကွင်းလေးပါ









အောက်ဆုံးပုံကတော့ လမ်းသလားရင်း.....






8 comments:

  1. အင်း.. ဓာတ်ပုံလေးတွေ အဲ့လို ကြည့်ရတာကို သဘောကျတယ်.. :D

    ReplyDelete
  2. နင်အရမ်းတော်လာပါလား ဆက်ကြိုးစား အားပေးတယ်

    ReplyDelete
  3. ရောမ ယဉ်ကျေးမူ က တော်တော် လက်ယာ မြောက်တယ်နော်..ထုတည်ကြီးမားပြီး ခန့် ညားတယ်.ဓါတ်ပုံ တွေ မြင်တော့ ရောမ ရာဇာဝင် ထဲက သူရဲကောင်းက ခွေးမကြီး က နို့တိုက်ပြီး ကြီးပြင်းလာတဲ့ ရုပ်ရှင် ကား ကို ရေးတေးတေး မှတ်မိနေတယ်..

    ReplyDelete
  4. ဓာတ်ပုံလေးတွေလာအားပေးကြတဲ့အတွက်ကျေးဇူးပါ....

    ReplyDelete
  5. သြော်... ညီမက အီတလီမှာကိုး...။ ဓာတ်ပုံလေးတွေ လှတယ်။ ညီမ ဘလော့ဂ်လေး ဖွင့်တာ သိပ်မကြာသေးဘူးပဲနော်။ Happy Blogging ပါ။ စာတွေ အများကြီး ဆက်ရေးနိုင်ပါစေရှင်။

    ချစ်ခင်စွာ
    မရို့စ်

    ReplyDelete
  6. Mouth of Truth ကိုတော့ကြားဖူးတယ်။ ဓာတ်ပုံလေးတွေတင်ပေးလို့ ကျေးဇူးပါ အစ်မ။ ကိုယ့်ဟာကိုယ်ဆိုရောက်ဖြစ်မယ်မထင်ဘူး။

    ReplyDelete
  7. ဗဟုသုတတွေ အများကြီးရသွားပါတယ် .. မ
    Mouth of Truth ကိုတော့ စိတ်ဝင်စားဆုံးပဲ .. အဟိ ..

    ခင်မင်စွာဖြင့်
    April

    ReplyDelete
  8. Ma Ma,
    I love Italy. Appreciate all your hard work presenting these amazing scenery.
    Fondly,
    Ainsley
    California

    ReplyDelete