မညီမျှခြင်းတွေက
သေသေသပ်သပ်နဲ့ရင်ကော့လို့
ကိုယ့်မှာရွေးချယ်ခွင့်ဆိုတာမရှိခဲ့ပါဘူး
ခပ်ခါးခါး အမြင်အာရုံတွေကိုမှိတ်
ခံစားချက်တွေမြိုသိပ်လို့
ကိုယ် ရင့်ကျက်နေခဲ့တာကြာပြီ
အရင်လို.....
ကိုယ်ညှိးနွမ်းရင် မင်း ဝမ်းနည်းသလို
ကိုယ်ကြေကွဲရင် မင်း...ရင်ကွဲနေလိမ့်အုံးမှာလား
ပျောက်ဆုံးသွားတဲ့ ဖိနပ်အနီတစ်ဖက်ရယ်
ငိုကြွေးခဲ့ဖူးတဲ့ ထီးအိုတစ်လက်ရယ်က
ကိုယ်တို့တတွေရဲ့
အမှတ်တရဝမ်းနည်းစရာ အတိတ်တစ်ခုဆိုပါတော့...
အချိန်ရထားကြီးက ဖြည်းဖြည်းနဲ့မှန်မှန်ခုတ်မောင်းလို့...
..........
တကယ်ဆို ကိုယ်တို့ဝေးခဲ့ကြမှာ မဟုတ်ပါဘူး
နာရီသံတွေကို ကြိုးကွင်းစွပ်နိုင်ခဲ့မယ်ဆိုရင်ပေါ့လေ
ကြာခဲ့ပြီလေ.
..
...
ဘယ်သူမှမသိလိုက်ပါဘူး
ကိုယ်ကလွဲပြီးတော့ပေါ့။
အို .. နာရီသံတွေကို ကြိုးကွင်းစွပ်နိုင်ခဲ့မယ်ဆိုရင် ဝေးမှာမဟုတ်ဘူးတဲ့လား .. မိုက်အိ ..
ReplyDeleteအလွမ်းလေပြေလေးဘေးနားက တိုက်သွားသလိုပဲ .. ခံစားသွားရပါအိ
ခင်မင်စွာဖြင့်
April