Wednesday, October 12, 2011

ရင်မှာ - ၂

လူမသိသူမသိခံစားချက်တွေက
နာကျင်ကျင်နဲ့ ဝါကျင်ကျင် နှစ်ခြို့နေပြီလေ
ဆွံ့အနေတဲ့ သံစဉ်တွေနဲ့
ဆွေးမြေ့နေတဲ့ ကာရန်တွေက
ကဗျာတွေနဲ့ ကိုယ့်ကိုလှိုက်စား
ဥရောပဆန်ဆန်ရာသီက
ကိုယ့်ကိုကျောပေးရပ်ရင်း
သက်တန့်အတုတွေနဲ့ မျှားခေါ်လို့
ဝမ်းနည်းကြေကွဲလွယ်တဲ့ ကိုယ်က
ဖန်အိမ်ထဲက ငါးလေးတကောင်ပေါ့။

No comments:

Post a Comment