Thursday, October 13, 2011

အသပြာ

အငွေ့တထောင်းထောင်းထနေတဲ့ ရမက်တွေနဲ့ပေါ့
ကိုယ့်ကိုလောင်မြိုက်စေတာ
ညှီစုပ်စုပ်အနံ့ဆိုးတွေနဲ့လေ
ကိုယ့်ကိုပုပ်ဟောင်စေတာ
ကိုယ့်ကိုစက်ရုပ်အကောင်လိုစေခိုင်းနေတာလဲ သူ
ကိုယ့်နယ်မြေမှာအဖိုးအခတွေကောက်ခံနေတာလဲ သူဘဲ
အဲ့ဒီကောင်ပေါ့
ကိုယ့်ကိုမောဟတွေနဲ့လူလုပ်စေတာ
တခါတခါမှာလဲ ကိုယ့်ကိုအနုကြမ်းစီးတတ်သေးပြန်တယ်
အမယ်!
“ငါမပါရင် မပြီးပါဘူးကွာ” ဆိုပြီး မြောက်ကြွကြွမာန်တွေနဲ့ ကိုယ့်ကိုလုံးခြေလို့
ဖျက်ဆီးဖို့ကြိုးစားနေတဲ့ကောင်။

2 comments:

  1. ကဗျာ မစပ်တတ် ပေမဲ့ ကဗျာကို ကောင်းကောင်းခံစားတတ် တယ်...ထိမိတဲ့ ကဗျာလေး.. ကြိုက်တယ်.. အဲဒီ ညှီစုပ်စုပ် အကောင်ကြောင့် ကျွန်တော် ဒီနိုင်ငံ မှာ လာ ပြီး ခံစားနေ ရတာ.. စိတ်ချမ်းသာမူထက် စိတ်သောက ရောက်တာ ပိုပါတယ်..ခံစားသွားတယ်...

    ReplyDelete