Tuesday, February 7, 2012
စုံစီနဖာ ကာမိုမီးလာ
ချစ်ခင်ရပါသော ဘလော့ဂါမောင်နှမများအားလုံးမင်္ဂလာပါလို့....
ကိုယ်ခုတလော အကြောင်းအရာစုံစုံလင်လင်နဲ့ ဘလော့မဂင်းနိုင်ဘူးဖြစ်သွားတယ်။ ဓာတ်ပုံလေးတွေရိုက်ထားတာတော့ရှိပါတယ် ဒါပေမယ့်စာရေးရမှာပျင်းနေတာနဲ့ ပို့စ်အသစ်မတင်ဖြစ်ဘူး။
နောက်တော့ ကိုယ့်အီးမေးလ်ကို ပတ်စ်ဝေါ့ဒ်ပြောင်းလိုက်တာ ပြန်လဲဖွင့်ကော recovery လုပ်ထားတုန်းက ကုဒ်နံပါတ်တောင်းတာနဲ့ ထည့်လိုက်တော့ မဟုတ်ပါဘူးတဲ့ မှားနေပါတယ်တဲ့ဗျာ။ ဖုန်းနဲ့ ပြန်တောင်းရအောင်လဲ အဲ့ဒီဖုန်းကမရှိတော့ဘူးလေ ပျောက်သွားတဲ့ဖုန်း။ အဲဒါနဲ့ဘဲ ကူပါကယ်ပါအုံးဆိုပြီး ဂူဂယ်မှာတယောက်ထဲခြေချင်းလိမ်နေတာ ခုထက်ထိမရသေးပါဘူး။  ကာမိုမီးလာတို့များ နည်းပညာပိုင်းမှာ အဲ့လောက်တော်တာနော်း)
ခုတော့ ကိုယ့်သူငယ်ချင်း(ကိုယ့်ဆီမှာတခါတလေစာရေးပေးဖို့ invite လုပ်ထားတဲ့သူ)ဆီကခွင့်ပြုချက်တောင်းပြီး သူ့အကောင့်နဲ့ စာရေးနေတာပါ။ ကျေးဇူးရှင်ကလဲတော်တော်နဲ့အကြောင်းမပြန်ဘူး။ အဲ့ဒါကြောင့်ရက်တွေကပိုကြာသွားတယ်။ ခွင့်ပြုမယ်ဆိုတာကြိုသိပေမယ့်လဲ ဘာဘဲဖြစ်ဖြစ် သူတပါးကိုလေးစားတဲ့အနေနဲ့ သူများဆီကခွင့်ပြုချက်တောင်းပြီး အတည်ပြုတော့မှဘဲလုပ်တတ်တဲ့အကျင့်ရှိပါတယ်း)
ကိုယ့်တို့ဆီမှာခုတလောရာသီဥတုအရမ်းအေးပြီး နှင်းတွေလဲကျတယ်။ အီတလီနိုင်ငံရဲ့ ၂၇ နှစ်အတွင်းမှာ အအေးဆုံးရာသီဥတုလို့ မီလန်က ဘဘတစ်ယောက်ကဆိုပါတယ်။ ရာသီဥတုကအေးတော့ ကိုယ်လဲအအေးမိပြီး ခေါင်းကိုက် နှာစေး ချောင်းဆိုး လည်ချောင်းနာ စကားပြောတာအသံကမထွက်နဲ့ တပတ်ကျော်ပြီ ခုထက်ထိမသက်သာသေးဘူး။ ဒီကြားထဲအစာအိမ်ကလဲ ကိုယ့်ကိုကလန်ကဆန်နဲ့ နဲနဲပုန်ကန်နေတယ်။ စိတ်တွေကလဲနောက်ကျိနေတော့ စာမရေးဖြစ်ပြန်ဘူး။
ပို့စ်အသစ်မျှော်နေတယ် ဆိုတဲ့ ညမငယ် မြတ်ကြည်နဲ့ ပို့စ်အသစ်တင်တာမတွေ့လို့မေးတဲ့ ဘော်ဘော်(သောက်ဖော်သောက်ဖက်...... အဖန်ရေပြောပါတယ်းP) ကိုကျေးဇူးတင်စကားလေးလဲပြောပါရစေ။
နေသာမကောင်းတာ ဒီလောက်နှင်းကျပြီးအေးစက်နေတာတောင် ဓာတ်ပုံတော့ ရိုက်ဖြစ်အောင်ရိုက်လိုက်ပါသေးတယ်။ တကယ်တော့ အဲ့လိုနှင်းကျရင် Snow man လုပ်ချင်တာ အရမ်းအေးတော့ အပြင်မှာကြာကြာမနေနိုင်တာနဲ့မလုပ်ဖြစ်လိုက်ဘူး။
သူများတကာတွေရဲ့အိမ်ပါ...
ကန္တာရနှင်းဆီ အဲလေ...မှားလို့...း) 
နှင်းတောထဲကနှင်းဆီ....
အေးအေးချမ်းချမ်းမှာ သံပုရာချည်လေးသုံးဆောင်သွားကြပါအုံးလား
ကိုယ်ကတော့ အဖွားနဲ့တူလို့လားမသိဘူး အချည်မစားနိုင်ဘူး။
စားရင်လဲဘယ်တော့မှာသွားနဲ့မဝါးဘူး ဒီအတိုင်းမြိုချတားP
စပျစ်နွယ်ပင်လေးလဲ ခုတော့....
လေကလဲခပ်ကြမ်းကြမ်းတိုက် နှင်းမိုးတွေကလဲရွာနဲ့ ထင်းရှူးပင်ကအကိုင်းတွေက
အသက်၇၀ကျော်အဖွားကြီးမောင်းတဲ့ အစိမ်းရင့်ရောင် BMW ကားဘေးနားကိုကျိုးကျတာ... တော်သေးတယ် ကားကိုမထိလို့ 
ဓာတ်ပုံထွက်ရိုက်ပြီး ၁၀မိနစ်လောက်နေတော့ နောက်ထပ်တစ်ကိုင်းထပ်ကျိုးကျသေးတယ်။ တော်ပါသေးရဲ့ကံကောင်းလို့...း)
ဒီနေရာလေးမှာ ကိုယ့်သူငယ်ချင်း(ထုမနာ ထောင်းမနာ) တယောက်က  တောင်းသျှိုးပန်သျှိုးနဲ့ သူ့အကြောင်းလေး ကိုယ့်ဘလော့လေးမှာကြေငြာပေးပါဆိုလို့  ကြေငြာလေးတစ်ချက်လောက်ဝင်ချင်ပါတယ်။ အသက်ကတော့ ကိုယ်နဲ့မတိမ်းမယိမ်းပေါ့။ ခြင်မ၊ ယင်မ(အမ)တောင်မသမ်းဖူးသေးတဲ့ လူပျိုလေးပါတဲ့။ တိရိစ္ဆာန်တွေတောင် အနားမကပ်တဲ့အဲ့ရုပ်... ကိုယ့်ဘာသာမှန်းကြည့်ပေတော့းP (  နီ့အလှည့်တုန်းက ကိုင်ပေါက်မယ်လေး ထိုင်ခေါက်မယ်(ခေါင်းပြောတာပါ) လေးနဲ့ နာ့ကိုပြောထားတာ ဟွင်း ဟွင်း... ဘယ်ရမလဲ ခုတော့နာ့အလှည့်ကွ ) ဒါပေမယ့်စိတ်သဘောထားလေးတော့အရမ်းကောင်းပါတယ်။ တကယ်ပြောတာပါ။ အရပ်ကတော့ ၇၂လက်မတိတိ (ရေမရောပါတဲ့ရှင်)။ အလုပ်နှင့်အကိုင်နှင့် (ဂျလေဘီမဟုတ်ပေမယ့် အင်တာနက်မှာအသေကြူတဲ့သူပါး)) ဘိုးဘေးဘီဘင် ဆွေတော်ရှစ်သောင်းမျိုးတော်ပေါင်းပိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်းလေးလဲရှိပါသေးတယ်။ သူ့ဆီသွားလည်ရင် သူတို့လုပ်ငန်းပိုင်ထုတ်ကုန်လေးလဲလက်ဆောင်ပေးမယ်တဲ့ ဆယ်ဘီးကားနဲ့တော့မလာနဲ့ပေါ့လို့ဆိုသေးပါတယ် ...         အင်းလေ လေးဘီးကားလေးနဲ့ ဆယ်စီးလောက်ဘဲတန်းစီသွားလိုက်ပါမယ် နော့်...း)
မှတ်ချက် .. ပိုင်ရှင်ရှိပြီးသူများကိုမဆိုလိုပါ။ နီးစပ်ရာသို့လက်ဆင့်ကမ်းကြေငြာနိုင်ပါသည်။
ကဲ.... ကြေငြာလို့တော့ ပြီးပြီ  အဲ့ဒါတောင်မှမစွန်သေးဘူးဆိုရင်
ဒီမှာ... တွေ့တယ်ဟုတ်! ဘာအကျီ င်္ချုပ်ပေးမယ်ဆိုတာ...
တာဇံအကျီ င်္ဝတ်ပြီးတောထဲသာသွားနေလိုက်တော့ ကိုတာဇံရေ...းP
အကယ်၍များ ကိုယ့်အကောင့်လေးပြန်သုံးလို့မရတော့ဘူးဆိုရင် ဘာဆက်လုပ်ရမလဲမသိတော့ဘူး။ သူငယ်ချင်းဘလော့မှာဘဲစာဆက်ရေးဖြစ်မလားမသိဘူး။ (တကယ်လို့ သူငယ်ချင်းဘလော့မှာဘဲစာရေးဖြစ်ခဲ့မယ်ဆိုရင် လာရောက်အားပေးကြအုန်းနော် ) နောက်ထပ်ဘလော့အသစ်ထပ်လုပ်ရရင်လဲ တတိယအကြိမ်မြောက်ဖြစ်တော့မယ်။ ထပ်လဲလုပ်ချင်စိတ်မရှိဘူးဖြစ်နေတယ်။ ချစ်ခင်ရတဲ့ အစ်ကိုမောင်နှမတွေအကြံဥာဏ်လေးပေးကြပါအုံးလို့...။ ခုတော့ကိုယ်ပိုင်တဲ့ ဘလော့က ကိုယ်နဲ့မဆိုင်သလိုလို နဲ့ စိမ်းကားနေလိုက်တာများ လောလောဆယ်တော့ သူများနှာခေါင်းနဲ့အသက်ရှုရတာမမိုက်ပါဘူး။ အဟွတ်! အဟွတ်! ... ဆေးလိပ်နံ့တွေကလဲမွှန်လို့...းP
နောက်ဆုံးတစ်ခုအနေနဲ့ ကိုအောင်(NYC) ဆဲဗင်းဒီဇင်ဘာ ရဲ့ ဘလော့မှာ ဖြစ်နိုင်ရင် ကျေးဇူးပြုပြီး  annoymous နဲ့ ကွန်မန့်ပေးလို့ရအောင်လုပ်ပေးစေချင်ပါတယ်။ ပို့စ်အသစ်တွေ ဖတ်ပြီးမန့်လို့မရဘူးဖြစ်နေတယ်။ ကျန်တဲ့ဘလော့ဂ်တွေကတော့အဆင်ပြေပါတယ်။ 
လာလည်ကြတဲ့ အစ်ကိုမောင်နှမများ အားလုံးကိုချစ်ခင်လေးစားလျက်.... 
camomilla
7 comments:
  1. sis.. feel bad to hear that.. if you open another blog or write in another blog, please tell me, i want to keep in touch with you :) Myat Kyi
    ReplyDelete
  2. ပုံတွေကိုအရမ်းကြိုက်တယ်
    သံပုရာသီးတွေကနှင်းထိလဲဘာမှဖြစ်ဘူးနော်
    ခင်တဲ့ jasmine
    ReplyDelete
  3. မမ ထပ်ကြိုးစားကြည့်ပါဦး.. နောက်ဆုံးမရရင်တော့ ဘလော့အသစ်ဖွင့်လိုက်လေ. ခုပိုစ့်တွေလည်း ပြန်တင်လို့ရတာပဲ ...
    ကျန်းမာရေးလည်း ဂရုစိုက်ဦး.. ဟိုတလောကပိုစ်မှာလည်း နေမကောင်းဘူးဆိုလို့ပါ..
    ချစ်တဲ့ ကန်ဒီ
    ReplyDelete
  4. နေကောင်း ပါစေ.. ကျမ္မာရေး ဂရုစိုက် ပါ အုန်း...။ ရာသီ ဥတု တော် တော် ဆိုးတာပဲ နေသာမကောင်းတယ်.. ဓါတ်ပုံ တွေ ရအောင် ရိုက် သေးတယ်.. ၀ါသနာကိုတော့ မတားနဲ့ ရှင် လို့ ပြော ရ မလိုပဲ...။ anonymous နဲ့ ကွန်မန့်ပေးလို့ရအောင်လို့ ပြင် လိုက် ပါပြီ။
    ခင်မင်စွာဖြင့်
    ReplyDelete
  5. ချမ်းလိုက်တာအစ်မရာ..ကော်ဖီပူပူလေးတစ်ခွက်လောက်း))
    အစ်မသူငယ်ချင်းကိုပြောလိုက်ပါ။အနစ်နာခံပြီးကူညီပေးမယ့်သူရှိပါတယ်လို့ :P
    အကောင့်ကတော့ ကြိုးစားကြည့်ပါအုံးအစ်မ
    ဘယ်လောက်ဇွဲကြီးလည်း.စမ်းသပ်တာဖြစ်ချင်ဖြစ်မှား)
    ဘလော့အပေါ်..စိတ်လိုက်မာန်ပါနဲ့စိမ်းစိမ်းကားကားကြီးတော့
    မပြုလိုက်ပါနဲ့အမတော်ရယ်...စိတ်ထိန်းပါနော်း)
    sandartinmyint @gmailcom ပါ။
    လိုအပ်လာရင်.ဆက်သွယ်လိုက်ပါရှင်။
    ချစ်ခင်လျှက်
    ညမတော်
    ချစ်ခင်လျှက်
    ReplyDelete
  6. ကြော်ငြာလဲဟုတ်ဘူး.....
    အတင်းတုတ်တာကြီးကို.....
    ReplyDelete
    Replies
    1. အဓိကအချက်ပါတယ်လေ...
      အတင်းတုတ်မယ့်သူရှိတာဘဲကျေးဇူးတင်...
      တာဇံကို ကြာဇံလိုကြော်ပစ်လိုက်မယ် ... ဘာမှတ်..း)
      တာဇံကြော် .. ဟိဟိးP
      Delete