Saturday, February 25, 2012

Carnival festival in Venice

ဒီခရီးစဉ်လေးကို သွားမယ်သွားမယ်နဲ့တော်တော်နဲ့ကို မရောက်ဖြစ်ပါဘူး။ ဒီနှစ်တော့ ဘာဘဲဖြစ်ဖြစ်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတာ အနီးကပ်သွားခါနီးကျတော့ ရာသီဥက နှင်းကျပြီးမိုးလဲရွာမယ်ဆိုတော့ တော်တော်လေးစိတ်ပျက်သွားတယ်။ ဒါပေမယ့်လဲ တော်ပါသေးတယ်လို့ဆိုရမယ် ရာသီဥတုက တရက်တော့သာယာပြီး နောက်နေ့နှင်းမိုးရွာမယ်တဲ့။ တရက်ဆိုလဲတရက်အလျောက်သွားမယ်ဆိုပြီး သွားမယ့် မနက် မိနစ်၂၀ အလိုမှ ကဗျာကယာနဲ့ ရထားလက်မှတ်ဝယ်ပြီး စိတ်လှုပ်ရှားစွာနဲ့ အီတလီနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာတည်ရှိတဲ့ ဗင်းနစ်(Venice ) မြို့မှာ ၁၄ရာစုနှစ်အစောပိုင်းလောက်ကတည်းကကျင်းပတဲ့  Carnival ပွဲတော်ကိုရောက်ခဲ့ပါတယ်။ ဒီပွဲတော်ကို နှစ်စဉ် Easter မတိုင်မီ ရက် ၄၀ အလိုမှာ ၁၀ရက်တိတိကျင်းပလေ့ရှိပါတယ်။ များသောအားဖြင့် ဖော်ဖော်ဝါရီလထဲမှာ ကျရောက်လေ့ရှိပြီးတော့  ဆောင်းရာသီပွဲတော်တစ်ရပ်အနေနဲ့လဲ ခုဆိုရင် ကမ္ဘာပေါ်မှာ ခရီးသွားအများစုကို အဆွဲဆောင်နိုင်ဆုံးပွဲတော်အဖြစ်ထင်ရှားပါတယ်။အရင်ဦးဆုံးမျက်နှာဖုံးတွေနဲ့မိတ်ဆက်ပေးမယ်နော်။

ဒီမျက်နှာဖုံးတစ်ခုကို ယူရို ၁၀၀ကျော်ကနေ ၃၀၀အထိရှိပါတယ်။






ဒီဝတ်စုံတွေကတော့မရောင်းပါဘူး။ နာရီပိုင်းနဲ့ ငှားတာပါ။ ဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ရင် ယူရို ၅၀ ပါတဲ့။ ငှားတာကတော့ အချိန်ပေါ်မူတည်ပြီးပေးရတယ်။

တိရိစ္ဆာန်ခေါင်းတွေနဲ့လဲစိတ်ဝင်စားဖို့တစ်မျိုးကောင်းပြန်ပါတယ်။



ဒီအောက်ကပုံမျက်နှာဖုံးလေးတွေကတော့ ဈေးနဲနဲသက်သာပါတယ်။







နောက်နေ့မှဘဲ ခမ်းနားလှပတဲ့  မျက်နှာဖုံးနဲ့ ဝတ်စုံတွေဝတ်ထားတဲ့ သူတွေရဲ့ပုံလေးတွေတင်ပေးမယ်နော်... ဆက်ရန်လေးကိုစောင့်မျှော်အားပေးနေမယ်လို့ယုံကြည်ပါတယ်။

(ခုတလော စာရေးချင်စိတ်သိပ်မရှိဘူးဖြစ်နေတယ် ... အမှန်အတိုင်းဝန်ခံရရင်ဘာမှလုပ်ချင်စိတ်ကိုမရှိဘူးဖြစ်နေတာပါ... နားလည်ပေးကြပါ)

လာရောက်လည်ပတ်ကြတဲ့ အစ်ကိုမောင်နှမအားလုံးကိုချစ်ခင်လေးစား ကျေးဇူးတင်လျက်......... 

Camomilla


9 comments:

  1. It's a big festival and expensive masks :). I understand, sis, sometimes we don't have mood to do anything....

    ReplyDelete
  2. စာမရေး ချင် မရေး ပါနဲ့ခင်ဗျာ.။ ရိုက်ပြီး သားပုံတွေ ကြည့် ရ ရင် ကျေနပ် ပါတယ်။ ကိုယ် တိုင် မျက်နှာဖုံး တပ် ပြီး ရိုက် ထား တာ ရှိ လဲ ကြည့်ချင်တယ်။ ပုံတွေ ကြည့် ရတာနဲ့ ကိုယ် ရောက် သွားသလိုပါပဲ။ ကျွန်တော် ဗင်းနစ် ကို ရောက်ဖူးတုံး က Digital Camera တောင် မပေါ်သေးဘူး..ဖလင် ကင်မရာ နဲ့ ရိုက်ခဲ့ တာတွေ ရှိသေးတယ်။( သိပ်မကောင်းတော့ပါ။)
    လွမ်းစရာကောင်းတဲ့ မြို့ ကြီးပါ။

    စိတ် ပျော်ရွှင် လန်းဆန်း ပါစေ.. ။ စာတွေ ပြန် ရေး နိုင်ပါစေ။

    ReplyDelete
  3. အပိုင်း ၂ ကို မျှော် နေမယ် အစ်မ။ ဒီလိုပါပဲ။ တခါတလေ ဘာလုပ်ရလုပ်ရ စိတ်မပါသလိုပဲ။ မျက်နှာဖုံးတွေက ဈေးကြီးတယ်နော်။

    ReplyDelete
  4. အဲလိုမျက်နှာဖုန်းတွေတပ်ပြီးလျှောက်လည်ချင်တယ်
    စာဖတ်ရတာနဲ့ကိုယ်တိုင်ရောက်သလိုပါပဲ
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  5. ခရီးအရမ်းသွားချင်နေတယ် ကန်ဒီလည်း :(

    ReplyDelete
  6. မျက်နှာဖုံးတွေကြည့်ရတာ တကယ်ကိုစိတ်ဝင်စားစရာ
    လှလည်း လှတာကိုး ဈေးလည်း ကြီးတာပေါ့နော်
    ဒီမျက်နှာဖုံးလေး စွပ်ပြီး ဓာတ်ပုံရိုက်ကြည့်ချင်လိုက်တာ
    အရောင်အသွေးလည်းစုံ ဒီဇိုင်းလည်းစုံတယ်နော်..
    စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေ အများကြီးရေးနိုင်ပါစေ ညီမလေးရေ..

    ReplyDelete
  7. စိတ်ဝင်စားစရာ.....မျက်နှာဖုံးလေးတွေဗျ....တစ်ခါတစ်လေ....စာဖတ်တာထက် ပုံလေးတွေကြည့်ရတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်ဗျ.....အဆင်ပြေသလိုပေါ့

    ReplyDelete
  8. အဲ့ဒီ carnival ကို အရမ်းသွားချင်တာ.. ခုထိ Italy တောင် မရောက်ဖူးသေးဘူး
    capri တို့ pompeii တို့လဲ အရမ်းစိတ်ဝင်စားတယ် .. ဘယ်တော့မှ သွားဖြစ်မလဲ မသိဘူး
    ဓာတ်ပုံတွေ ဆက်တင်ပါ

    ReplyDelete