Friday, December 23, 2011

Merry X'mas

ချစ်အမချောချောလေးရို့စ်နဲ့ ချစ်စရာကောင်းတဲ့ညီမငယ်Candy လေးက ဒီဇင်ဘာပိတ်ရက်မှာဘာလုပ်မယ်ဆိုတဲ့ ပို့စ်လေးတစ်ပုဒ်ရေးဖို့ Tag ထားတာ ကိုယ်ကလဲမအားတာနဲ့ ခုမှဘဲရေးဖြစ်တယ်။ သတိတရနဲ့ Tag တဲ့အတွက်လဲကျေးဇူးတင်ပါတယ်လို့။
ကိုယ်လဲခရစ်စမတ်မှာ ပို့စ်လေးတပုဒ်လောက်တင်ဖို့စိတ်ကူးထားတာ အတော်ဘဲဖြစ်သွားတယ်။  ဟိုတလောက အပြင်မှာခရစ်စမတ်အတွက်ပြင်ဆင်ထားတာလေးတွေ ဓာတ်ပုံရိုက်ဖြစ်လိုက်တယ်။ မိုးကရွာတော့ ဓာတ်ပုံရိုက်လို့တော့သိပ်မကောင်းပါဘူး။  


ခရစ်စမတ်သီချင်းတွေ သံပြိုင်တီးမှုတ်နေတဲ့ Choir အဖွဲ့ပါ။တော်တော်လေးနားထောင်လို့ကောင်းတယ်။


မတ်တတ်ရပ်နေတဲ့အမျိုးသမီးလေးကတော်တော်လေးချောတယ်။ (လာလည်ကြတဲ့ ကိုကိုတွေ မောင်မောင်တွေငေးဖို့အတွက်း) )



ဒါကတော့ ဘုရားကျောင်းရှေ့မှာပြင်ဆင်ထားတဲ့ X'mas Tree လေးပါ။
အဲ့ဒီနေ့က  ဘုရားကျောင်းတော့မတက်ဖြစ်ဘူး။ 
ဓာတ်ပုံဘဲသွားရိုက်လိုက်တယ်းP

နာမည်ကြီး Fashion Designer brand  ဈေးဆိုင်ခန်းတွေနဲ့အမြဲလိုလို လူတွေစည်ကားသိုက်မြိုက်နေတဲ့ ရောမရဲ့ နာမည်ကြီး Via del Corso လမ်းပါ။ 




Piazza Navona ဘက်လဲရောက်ဖြစ်ခဲ့တယ်။
စုန်းမအရုပ်တွေရောင်းတဲဆိုင်တဆိုင်..



ဒီဇင်ဘာရောက်ပြီဆိုတာနဲ့ ခရစ်စမတ်အတွက်ပြင်ဆင်လှုပ်ရှားနေတာတွေကြည့်ပြီး စိတ်လှုပ်ရှားမိတာတော့အမှန်ပါ။ အိမ်မှာလဲ X'mas decoration လေးတွေလုပ်ပြီး ရွှေရောင်၊အနီရောင် အစိမ်းရောင်လေးတွေနဲ့ ပြည့်နေတဲ့ အလှကတကယ့်ကိုကြည်နူးဖို့ကောင်းတယ်။ အရင်တုန်းကတော့ အေးအေးချမ်းချမ်း ဖြူဖွေးဖွေးနှင်းလေးတွေနဲ့ X'mas ကိုဖြတ်သန်းချင်ပေမယ့်လဲ ခုချိန်မှာတော့ နှင်းမပါတဲ့ ခရစ်စမတ်က ပိုပြီးအဆင်ပြေမလားလို့ တခါတခါတွေးမိတယ်။ ခရစ်စမတ်မှာ အိမ်မှာနေတာဘဲဖြစ်ဖြစ် ခရီးထွက်တာဘဲဖြစ်ဖြစ် မိသားစုနဲ့အတူတူနွေးနွေးထွေးထွေးဖြတ်သန်းချင်တယ်။ လက်ဆောင်ပေးရတာလဲဝါသနာပါတဲ့သူမို့ ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေကို ခရစ်စမတ်နဲ့သက်ဆိုင်တဲ့ အမှတ်တရလက်ဆောင်လေးတွေပေးဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်ကိုတိုင်လုပ်တဲ့လက်ဆောင်လေးတွေပေးချင်တယ်။ ရတဲ့သူတော့မသိဘူး ပေးတဲ့သူကတော့ ကိုယ်တိုင်လုပ်ထားတဲ့ကိုယ့်လက်ဆောင်လေးကတန်ဖိုးရှိရှိ မရှိရှိစေတနာတွေအပြည့်နဲ့မို့အရမ်းကျေနပ်မိတာလဲအမှန်ဘဲ။မူလတန်းအရွယ်လောက်ကပေါ့ နယ်မြို့တမြို့ကိုအလည်သွားတုန်း တအိမ်ဝင်တအိမ်ထွက်နဲ့မိုးလင်းပေါက် ခရစ်စမတ်သီချင်းလိုက်ဆိုတာ တော်တော်လေးကိုပျော်ဖို့ကောင်းခဲ့ဖူးတယ်။ အေးအေးချမ်းချမ်း မှောင်မှောင်မည်းမည်းမှာ ဓာတ်မီးတွေ ဖယောင်းတိုင်မီး မှိတ်တုတ် မှိတ်တုတ်လေးတွေနဲ့ မြွေပါးကင်းပါးကြောက်ရကောင်းမှန်းလဲမသိခဲ့ဘူး။သီချင်းတွေလဲတပုဒ်မှဆိုတတ်တာမဟုတ်ပေမယ့်ဆိုရင်းဆိုရင်းနဲ့ အလွှတ်တောင်ရလို့။ ဘဝမှာ တကယ့်ကိုအမှတ်တရဖြစ်စေခဲ့တဲ့ ခရစ်စမတ်လေးပါ။ 
နှစ်သစ်ကူးဆိုရင်လဲ မိသားစုနဲ့ဘဲ အတူကုန်လွန်ချင်တယ်။ထူးထူးခြားခြား ပြီးခဲ့တဲ့ နှစ်ကတော့ အိမ်ကိုသူခိုးဝင်လို့ ရဲတွေထောက်လှမ်းရေးတွေနဲ့ဘဲ နှစ်ကူးလိုက်ရတယ်။ နှစ်သစ်ကို သီးသန့်ကုန်ဆုံးစေချင်တဲ့နေရာမရှိသလို လည်ပတ်ဖို့အစီအစဉ်လဲမရှိသေးပါဘူး။ (လည်တော့လည်ချင်ပါတယ်)
နှစ်တစ်နှစ်ကုန်ဆုံးသွားတဲ့အပေါ် လွမ်းမောတသတာမျိုးမရှိသလို အချိန်တွေမကုန်ဆုံးစေချင်တာမျိုးလဲမရှိဘူး။ လာမယ့်နှစ်သစ်မှာ ပြီးခဲ့တဲ့နှစ်ထက်ပိုပြီး အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးကြိုးစားမယ်လို့ဘဲဆုံးဖြတ်ပါတယ်။

ဒီအောက်ကပုံလေးတွေက ကိုယ့်အခန်းထဲကပြင်ဆင်ထားတဲ့ပုံလေးတွေပါ။


Angel လေးကပြီးခဲ့တဲ့နှစ်ကလက်ဆောင်ရထားတဲ့အရုပ်လေးပါ။

X'mas Tree နဲ့ အနီရောင်အလုံးလေးတွေက ဝယ်တာဖြစ်ပြီး ကျန်တဲ့ရွှေရောင်သစ်ခက်နဲ့ ရွှေရောင်အလုံးလေးတွေကို ကိုယ်တိုင်လုပ်တာပါ။ အထင်တော့မကြီးပါနဲ့  သံလွင်ခက်နဲ့ ဘာအပင်လဲကလဲတော့မသိဘူး အနီရောင်အလုံးအသီးတွေအတွဲလိုက်သီးနေတာလှတာနဲ့ ရွှေရောင် ဖြန်းလိုက်တာပါ။ ပန်းအိုးမရှိတာနဲ့ရေခွက်နဲ့ဘဲအလှဆင်လိုက်ပါတယ်။




Merry X'mas & Happy New Year to you all!











8 comments:

  1. TAG ပိုစ့်လေးရေးပေးတာ ကျေးဇူးမမရေ..
    ကန်ဒီလည်း ကိုယ်တိုင်လုပ်တဲ့ လက်ဆောင်လေးတွေ ပေးရတာ ပိုသဘောကျတယ်။ ပိုလေးနက်တယ်ထင်တယ်။ မမအခန်းမှာ ပြန်ထားတာလေး လှတယ်နော်။ မမက creativity ရှိတယ်။ ရွှေရောင်လေးဖြန်းထားတဲ့ Idea လေး သဘောကျမိလို့ပါ :D

    ReplyDelete
  2. အရင်ဦးဆုံးဖတ်ခဲ့ရလို့ဝမ်းသာနေတာပါ
    ပုံတွေကြည့်ပြီးကြည်နူးမိပါတယ် ရေခွက်နဲ့အလှဆင်ထားတဲ့ရွှေရောင်အပင်
    ကလဲ အတော်ကိုလက်ရာမြောက်နေပါတယ်နော်
    Merry X'mas & Happy New Year

    ReplyDelete
  3. Merry X'mas & Happy New Year ပါဗျာ
    ပုံလေးတွေအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ
    ကိုယ်တိုင်ကတော့မအားတာနဲ့ ဘာမှမလုပ်ဖြစ်ပါဘူး
    သူများလုပ်တာလေးကိုပဲ ကြည့်ပြီးကျေနပ်လိုက်ပါတယ်

    ReplyDelete
  4. Thanks for writing my tagged post, sis. All photo are so beautiful. You are so great at decorating the house. I love the golden leaves and branches. Can you give me that present, hehe :D. Merry Christmas and Happy New Year!

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. သံလွင်ခက်ကို ရွှေရောင်ဖြန်းထားတာ တော်တော်လှတယ် အစ်မ။ စိတ်ကူးကောင်းတယ်။ :) Merry Christmas and Happy New Year!!!!

    ReplyDelete
  7. အပင်လေးနဲ့.သံလွင်ခက်လေးက
    ချစ်စရာလေးနော်အစ်မ
    အိန်ဂျယ်လေးလဲလှတယ်း)
    ဓာတ်ပုံလေးတွေလည်း.ကြည့်သွားပါတယ်
    စုန်းမရုပ်လေးတစ်ရုပ်“မ”သွားတယ်ရှင့်းP
    ခရစ်စမတ်နဲ့နယူးရီးယားတင်မက
    အမြဲပျော်ရွှင်ချမ်းမြေ့ပါစေရှင်

    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  8. တီထွင်မှုဥာဏ်ကို လေးစားပါတယ်။
    လာမယ့်နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

    ReplyDelete