Wednesday, November 2, 2011

The Baths of Caracalla

Terme di Caracalla(The Baths of Caracalla ) ကို ဘုရင်ခံ Septimius Severus ကAD 206 ကနေစတင်ဆောက်လုပ်တာ သူ့သား Caracalla လက်ထက် AD 217 မှာအပြီးသတ်ပါတယ်။ ရေပူ၊ရေနွေး (sauna) ရေအေး နည်းစနစ်တွေနဲ့  ရေချိုးဖို့တစ်ခုထဲအတွက်တင်မကပါဘူး အဝတ်လဲခန်းများ(အဝတ်လဲခန်းရဲ့အရှေ့မှာ ကျွန်တွေက သခင်တွေရဲ့အဝတ်အစားတွေကိုစောင့်ကြည့်ပေးရပါတယ်တဲ့ မဟုတ်ရင်သူခိုးခိုးတတ်ပါတယ်ဆိုပြီး guideက ပြောပြလို့ရယ်လိုက်ရပါသေးတယ်)၊ စာကြည့်ခန်းများ(Greek and Latin) ၊ပန်းချီပြခန်းများ၊အားကစားခန်းများအပြင် ပြည်သူ့ရင်ပြင်နှင့် အစားအသောက်ဆိုင်ခန်းတွေလဲဘဲရှိပါတယ်။ 
ဝတ်လစ်စလစ်လူပုံတူရုပ်ထုတွေလဲရှိပါတယ်။ ၆ရာစုနှစ်အထိအသုံးပြုကြပြီး နောက်ပိုင်းမှာတော့ပစ်ထားကာ အဲ့ဒီထဲမှာရှိတဲ့ အဖိုးတန် အလှဆင် marbles၊ statues ၊ mosaic တွေကို ဘုရားကျောင်းဆောက်လုပ်ဖို့ နဲ့ တချို့museum တွေမှာအသုံးပြုဖို့အတွက် ယူဆောင်သွားကြလို့ခုဆိုရင် ရာဇဝင်နဲ့ အဆောက်အအုံအပြိုအပျက်တွေဘဲကျန်ပါတော့တယ်။ အောက်ကပုံလေးတွေရှုစားတော်မူကြပါအုံး။


ဘေးတိုက်မြင်ကွင်း

ရှေ့မျက်နှာစာ

ဒီနေရာလေးဟာ တချိန်တုန်းက ရင်ပြင်နဲ့စာကြည့်ခန်းဖြစ်ခဲ့တဲ့နေရာလေးပါ

အတွင်းဘက်ပိုင်း



ရှေ့တည့်တည့်က တံတိုင်းပေါ်မှာ ဌက်ကလေးများ .....

 လျှပ်တစ်ပြက်..

 လက်ကျန်အပိုင်းအစများ


လေဟာပြင်သို့ရှုစားရန်တက်ဖို့ လှေကားထစ်


အဝတ်အစားလဲခန်း (မျက်နှာချင်းဆိုင်လေးခန်းတွဲ)

ကြမ်းပြင် 


အီဂျစ်ကနေသယ်လာတဲ့ marble လေးတွေပါတဲ့..



ဟိုး...အရင်တုန်းက ပုံစံ





6 comments:

  1. အလည်လာသွားပါတယ်. ပုံတွေစိတ်ဝင်စား ဘို့ကောင်းတယ်...ကိုယ်တိုင် အဲဒီနေရာတွေ ရောက်သွားတယ်ထင်ရတယ်.. Adobe Photoshop lightroom 3 သုံးကြည့် ပါ။ ပုံတွေ ဒီထက် ပိုလှလာမယ်. ၀ါသနာတူ မို့ အကြံပေးတာပါခင်ဗျာ.. အားပေးလျှက်...

    ReplyDelete
  2. photoshop တော့တခါမှမလုပ်ဖူးဘူး
    စမ်းကြည့်အုံးမယ် အကြံပေးတဲ့အတွက်ကျေးဇူးပါ

    ReplyDelete
  3. ရှားပါးပြီကြည့်ရခဲတဲ့ပုံလေးတွေအတွက်ကျေးကျေးပါနော်
    ကိုယ်တိုင်ရောက်ခဲ့ရသလိုပါပဲ
    ခင်တဲ့ jasmine(မကြီးဂျက်)

    ReplyDelete
  4. ရှေးဟောင်းသမိုင်းတွေစိတ်ဝင်စားပါတယ်,,ပုံတွေမှာတွေ့ရတဲ့ရှေးအဆောက်အဦးတွေကလည်းတော်တော်လေးတိတိကျကျဆောက်ထားတာဘဲ,,,အချိန်အားရင်အေးအေးဆေးဆေးလာပြီးအားပေးအုံးဗျာ

    ReplyDelete
  5. အရင်တုန်းက ပုံနဲ့  အခုလက်ရှိပုံတွေနဲ့ ယှဉ်ကြည့်မိတော့ သံဝေဂတောင် အနည်းငယ်ရသွားသလိုပဲ .. အဟိ .. ဓာတ်ပုံရိုက်သူကတော်လိုက်တာ .. ထပ်ခါထပ်ခါပြန်ကြည့်သွားမိပါအိ ..

    ခင်မင်စွာဖြင့်
    April

    ReplyDelete
  6. ညီမလေး ဘလော့ဂ်က စိတ်ဝင်စားဖို့ကောင်းတယ်
    ပုံတွေကလည်း ကိုယ်မရောက်ဖူးတဲ့ နေရာတွေမို့ တော်တော်သဘောကျသွားတယ်
    နောက်လဲ လာဖတ်၊ လာကြည့်နိုင်ဖို့ လင့်ယူသွားတယ် ညီမလေး

    ReplyDelete