(တကယ်တော့ ကဗျာလို့လဲမဆိုရဲပါဘူး။ ကိုယ်ကသူများတွေလို စကားလုံးလှလှလေးတွေနဲ့သီကုန်းပြီးမဖွဲနွှဲ့တတ်သလို ကာရန်နဘေတွေနဲ့လဲညီအောင်ရေးတတ်တဲ့သူမဟုတ်ပါဘူး။ ကိုယ့်ခံစားချက်တွေကိုကောက်ခြစ်လိုက်တဲ့ အတိုအစအနလေးတွေပေါင်းစည်းပြီး စာပိုဒ်လေးတွေဖြစ်ပေါ်လာတဲ့ အပိုင်းအစလေးတွေပါ။ တပုဒ်ချင်းစီတော့မတင်တော့ဘူး ကောင်းနိုးရာရာလေးတွေဘဲ ပေါင်းစုလိုက်တယ်။ မျှဝေခံစားနားလည်ပေးကြလိမ့်မယ်လို့ .....)
မာန
လောကဒဏ်ကိုအာခံရင်း
မျက်ရည်ကိုနေပူလှန်းကာ
သောကမှာမောဟိုက်နေသူမို့
ဝန်ခံပါတယ်
ငါဟာ မိုက်မဲမှုကိုနမ်းရှိုက်သူလို့
ရင်မှာအခါခါဆိုနေပေမယ့်
အပြင်မှာဆွံ့အနေဆဲပါ။
ခရီးသည်
စစ်ခင်းတဲ့ နံနက်နေရောင်ခြည်အောက်က
ချစ်ခြင်းမဲ့သောကအိမ်မှာ
ဖိနှိပ်ခံမာန်တွေနဲ့
သရဖူဆောင်းတဲ့အတ္တအဖော်ကိုလိုက်လို့ရှာလေတော့...
ဧည့်သည်တွေကြားခရီးသွားရင်း
ငါဟာ အိပ်ဆေးတစ်ခွက်တပ်မက်ခဲ့ပြီ။
ရာဇဝတ်မှုကျူးလွန်ထားတဲ့ ဓားတစ်လက်က
မမြင်နိုင်တဲ့စိတ်လက်နက်လောက်မကြမ်းကြုတ်သလို
သွေးစွန်းနေတဲ့ လက်တစ်စုံက
လှည့်ဖျားတတ်တဲ့ လျှာလောက်မညစ်ညမ်းပါဘူး
နင်သုံးတဲ့မုသားမှာ
ကျရှံးမယ့်လူသားဆိုရင်
လှောင်ပြုံးနိုင်ခွင့်ပေးလိုက်မယ်း)
မရေရာမှုတွေထဲ
သေချာမှုဆိုတာ
တုန်ခါးစွာနဲ့
မှုန်ဝါးနေလျက်ပါ...
မှော်ဝင်အတ္တ
ပစ်ပေးခဲ့တဲ့အမုန်းတွေအတွက်
အမျက်ပွားမနေဘဲ
ဖမ်းဆုပ်ပြီး
အခါခါခံယူလိုက်မယ်
စားခဲ့ရတဲ့အခါးတွေရဲ့
လည်ပတ်စီးဆင်းမှုနဲ့
ဆင်ခြေမပေးဘဲ
ရှင်သန်လိုက်မယ်
ကံကြမ္မာကိုအပြစ်ဖွဲ့သူတွေနဲ့
လောကဒဏ်ကိုရှောင်ပုန်းနေသူတွေကို
ဟားတိုက်ပစ်လိုက်မယ်
လှောင်ပြုံးနေတဲ့ရာဇပလင်ရှေ့မှာ
ဟန်မဆောင်ဘဲအရှုံးများနဲ့
လည်ပင်းခိုင်မာပြလိုက်မယ်
ကွဲလွဲတဲ့အယူအဆနဲ့
ခံယူချက်တွေလွဲမှားနေပါစေ
ရှေ့ဆက်လျှောက်နေမယ်...
သုည
ဘဝရဲ့စာမျက်နှာကို
ပုဒ်စာတစ်ပုဒ်လိုအဖြေရှာရင်း...
သင်ရိုးမကြေညက်ခဲ့လေတော့
...အရှုံးတွေထဲ...
အကြိမ်ကြိမ်လဲပြို
လူးလိမ့်ထလိုက်ချိန်....
..........
Love hunter ရဲ့အဆိပ်လူးမြှားနဲ့
နှလုံးသားမှာ
....ကျိန်စာသင့်ခဲ့ပြီ....
Rhythm မညီတဲ့
မြေနီလမ်းမှာ
Alto
Soprano
Bass
တွေကို..
Chorus တစ်ပိုဒ်လို
အထပ်ထပ်
အခါခါ
ခလုတ်တိုက်ကျော်ခွရင်း
ဘဝသံသရာရထားဆီ
အပြေးနှင်..
ခဲ့တဲ့
ကောင်မလေးတစ်ယောက်
....လမ်းဆုံးဘူတာမှာ
....
ဒီကဗျာကာရန်မညီတော့
း
း
သီဆိုသူ ပါမဲ့နေပြီ။ ။